Headlines
Wednesday, March 13, 2013 | မျက်ဝန်း

မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ် ရွေးချယ် (ဟာသ)

အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။

မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာ မြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။
မြန်မာနိုင်ငံတွင် ရောင်းချနေသော phone များ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချပါက ဘယ်သူမှ ၀ယ်ယူနိုင်မည်မဟုတ်ပေ။
ဤသို့တခြားနိုင်ငံတွင် မည်သူမျှမ၀ယ်ယူနိုင်သော ဈေးနှုန်းဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ၀န်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။
ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး၊ တာဝန်လည်းယူစရာမလိုသောကြောင့် ဤလိုအလုပ်မျိုး တခြားနိုင်ငံများတွင် မရှိသောကြောင့် ယခုနှစ်ကမ္ဘာ့စံချိန်သစ်အဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ကဏ္ဍနှင့်ပတ်သက်၍ အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

0 comments for "မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ် ရွေးချယ် (ဟာသ)"

Post a Comment

Video

Audio

Photo

۩ သတင်းများ ပေးပို့မှုကို ကြိုဆိုပါတယ် ۩