Headlines
Sunday, February 17, 2013 | မျက်ဝန်း

သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်သတင်း

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈) အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းသာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ ထို့နောက် သတင်းထောက် တစ်ဦးနှင့် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် မှ တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦး အား လူ (၅) ဦးခန့်က ၀ိုင်းဝန်း ထိုးကြိတ်၍ လက်ကိုင်ဖုန်းများကို အကြမ်းဖက် လုယူခဲ့ကြသောကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသည်။

ပြည်တွင်း သတင်းဂျာနယ် အချို့၏ Facebook စာမျက်နှာများတွင် ဖော်ပြထားကြသလို ဗလီ (အစ္စလာမ် ၀တ်ပြုဆောင်) ဆောက်လုပ်နေခြင်း ဖြစ်သည် ဟုဖော်ပြ ကြသည်မှာ  လုံးဝမဟုတ်မှန်ဘဲ  ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီးထွားအောင် ဖန်တီးနေကြခြင်းသာဖြစ်သည်။ ထို ဘာသာရေး စာသင်ကျောင်းမှာ အစ္စလာမ်ဘာသာဝင် ကလေး သူငယ်များကို အခြေခံ ဘာသာရေးပညာ သင်ကြားပေးနေသော ဘာသာရေး စာသင်ကျောင်း တကျောင်း ဖြစ်ပါတယ်။

ဟောင်းနွမ်း အိုမင်းနေသောကြောင့် အမိုးများပြုပြင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းသာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုမိန့်အရ ဆောင်ရွက်နေခဲ့ကြောင်း သိရှိရပါတယ်။ ဥပဒေပြင်ပမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုး ဘာတစ်ခုမှ မရှိကြောင်း သာကေတမြို့နယ်နေ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယင်းကဲ့သို့ ခွင့်ပြုမိန့်အရ ဆောင်ရွက်နေဆဲ အာဏာပိုင်များမှလည်း ခွင့်ပြုမိန့်ပေးထားသော အမိန့်ကို ပယ်ဖျက်၍ ကျောင်းအမိုးကို ပြန်လည်ဖျက်ပေးရန် ညွှန်ကြား၍ လာခဲ့ပါသည်။ ထို ညွှန်ကြားချက်ကို (၁၇ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၃) တနင်္ဂနွေနေ့၊ နေ့စွဲဖြင့် အစိုးရရုံးပိတ်ရက်တွင် ထုတ်ပြန် ထားတာကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

စည်ပင်မှ ထုတ်ပြန်သောစာ

by: MMM

ကဏ္ဍနှင့်ပတ်သက်၍ အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

0 comments for "သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်သတင်း"

Post a Comment

Video

Audio

Photo

۩ သတင်းများ ပေးပို့မှုကို ကြိုဆိုပါတယ် ۩